Pages

Wednesday, June 19, 2013

ဓာတ်ပုံဆိုဒ်လျော့ပေးတဲ့ Photo Resizer

0 comments


     ဓာတ်ပုံResolution ဆိုဒ်ကြီးနေလို့  လျော့ချချင်ရင် ဒီ exe လေးနဲ့လဲ အဆင်ပြေပါတယ်။
Resolution သာ လျော့သွားပြီး ဓာတ်ပုံရဲ့အရေအသွေး လုံးဝ မပျက်သွားပါဘူး။



ဒီမှာယူပါ
ဆက်ဖတ်ရန် ►

Monday, June 17, 2013

Office 2007 & 2010 Product Keys

0 comments



Office 2007 & 2010 Product Keys တွေပါ... သူငယ်ချင်းတစ်ယောက်တောင်းထားလို့ အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်....။
Product Keys collected here are suitable for 32-bit/64-bit, as well as different language versions of Office 2010/2007 Professional, Professional Plus, Standard VL and more!
Click Here to Download
 
ဝင်းကမ္ဘာကျော်မှ 

.
ဆက်ဖတ်ရန် ►

ကွန်ပျူတာ Passwords မေ့လို့ဖွင့်လို့မရခဲ့လျှင်

0 comments
ကိုယ့်ရဲ့ကိုယ်ပိုင် ကွန်ပျူတာလေးမှာ သူများမသိစေချင်တဲ့အကြောင်းအရာလေးတွေရှိလို့ Passwords နဲ့
ပိတ်ထားကာမှ အချိန်ကြာလာသောအခါ အမှုမဲ့အမှတ်မဲ့ နဲ့မေ့သွားတတ်ပါတယ်။ ထိုအခါ ကိုယ့်အတတ်နဲ့
ကိုယ် ကွိုင်တက်တော့တာပါဘဲဗျာ..။ ထိုအဖြစ်မျိုးကြုံတွေ့နေရသူတွေအတွက်ကော ၊ Passwords ဖွင့်နည်း
သိချင်သူတွေအတွက် နည်းလမ်းလေးများဖြစ်နိုင်သလောက်ဖော်ပြပေးလိုက်ရပါတယ်..။

◘◘
နည်းလမ်း(၁)◘◘

ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့
ရပါတယ်။ ထိုအခါ ကွန်ပျူတာမှာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်
သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administrator
ဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ်
ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်
နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်
ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို
Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။ အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ
ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၎င်းတွင် Administrator နှင့်
Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့
အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့ဝင်ထားတာဖြစ်တဲ့အ
အတွက် MgMg အကောင့်ကိုတော့ဝင်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User
Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။
User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရ
ပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အ
သစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေး
ရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new
Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်
မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီးဝင်နိုင်ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ
ပွင့်သွားပါလိမ့်မယ်။

◘◘နည်းလမ်း(၂)◘◘

ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့ဝင်ပါ)။
ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။

◘◘နည်းလမ်း(၃)◘◘

ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့ဝင်ပြီး
First Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့
Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်
လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များအတိုင်း သေသေချာချာပြုလုပ်
ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows
XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။
ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။
မြင်ကွင်းဘယ်ဘက် အောက်ခြေကို သတိပြုကြည့်ပါ။ အဲဒီမှာ "Installing Device" progress bar ဆိုတာပေါ်ရင် "Shift+F10" ကီးများကိုနှိပ်လိုက်ပါ။ ၄င်းသည် အဓိကပြင်ရမယ့် နေရာဖြစ်ပါတယ်။
Command console ပွင့်လာပြီး အဲဒီမှာပြင်ရပါ့မယ်။ "NUSRMGR.CPL" လို့၇ိုက်ထည့်ပြီး Enter ကီးကိုနှိပ်ပါ။
သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်
ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ..။

အားလုံးပဲအဆင်ပြေပါစေ...
ဗဟုသုတတိုးပွားကြပါစေနော်.....
မူရင်း   http://www.thitsaryatwoon.com
ဆက်ဖတ်ရန် ►

သီချင်းဖန်တီးချင်သူများတွက် Music Maker လေးပါ

0 comments

ကဲသူငယ်ချင်းအားလုံးမင်္ဂလာပါခင်ဗျာ ကျနော်လည်းလိုင်းမရလို့
ဘလော့လေးတောင်စာမတင်နိုင်ခဲ့ဘူးအခုတော့ ဖုန်းနဲ့ပဲလိုင်းချိတ်းပြီး ဆော့ဝဲလ်ကောင်း
လေးတစ်ခုတင်ပေးလိုက်ပါတယ် ဒီကောင်လေးကတော့ သီချင်းဖန်တီးချင်သူတွေတွက်
ကောင်းပါတယ် ကျနော်ကလိကြည့်တာမဆိုဘူးဗျ အသံတွေစုံနေတာပဲ တော်တော်လေးလည်း
လန်းတယ် ကျနော်လည်းနောက်မှထက်ကလိရအုံးမယ် သူငယ်ချင်းတို့လည်း
ကလိချင်ကြရင်တော့အောက်မှာဒေါင်းလိုက်နော်
Free သုံးလို့ရအောင် crack ဖိုင်လေးပါပါတယ်



DownLoad


crack ဖြည့်နည်းကိုအောက်ပါအတိုင်းလုပ်လိုက်ပါ ပုံတွေကိုမမြင်ရင် ပုံအပေါ်ကို ကလစ်လိုက်ပါ
ပြုလုပ်နည်းအစလေးလောက်တော့ပြောပြမယ်နော်
ကျနော်လည်းအခုမှကလိတုန်းလေးမို့ဗျ
အနီရောင်အကွက်လေးတွေအတိုင်းအဆင့်ဆင့်ကလစ်ကြည့်လိုက်ပါ
အသံမျိုးစုံရှိပါတယ် နောက်ဆုံးအကွက်ကြီးထဲကဟာလေးတွေကို
မောက်နဲ့ကလစ်ကြည့်ပါအသံမြည်လာမယ် အဲကိုကိုယ်ကြိုက်တဲ့အသံတွေ့ရင်
အဲဟာလေးကိုအပေါ်မှာမျှားပြထားတဲ့နေရာတွေမှာ မောက်နဲ့ဆွဲပြီးထည့်လိုက်ပါ
ဒါတော့ညာဘေက်ဒေါင့်ကအကွေးခေးကိုကလစ်လိုက်ပါ အလုံးလေးတွေ့ရမယ်
အဲအလုံးတွေကိုကလစ်ကြည့်လိုက်ပါအသံမြည်လာပါ့မယ် အဲကိုယ်ကြိုက်တဲ့အသံတွေ့ရင် အလုံးလေးကိုမောက်နဲ့ဆွဲပြီး အပေါ်ကအကွက်တွေထဲကိုထည့်လိုက်ပါ
အပေါ်ကအကွက်လေးတွေထဲကိုအဆင်လိုက်လေးတွေထည့်ထည့်ပေးပြီး Play ကြည့်လိုက်ပါ
အားလုံးပြီးသွားရင် Mp3 ဖြစ်အောင်သိမ်းပါ့မယ်
File>>>>Export>>>>.Audio Mp3 ကိုကလစ်လိုက်ပါ

ဒီနေရာမှာ မိမိသိမ်းချင်တဲ့ ဖိုတာရွေးပါ Mono & Studio ကြိုက်ရာရွေးပါ
မိမိကြိုက်တဲ့ Format  ဆိုဒ်ကိုရွေးပါ ပြီးရင် OK ပါ

                                 မူရင်း  သည်နေရာမှာ လေ့လာနိုင်ပါတယ်
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်.. 
ဘလော့ခရီးသည် မှ ကူးယူဖော်ပြခြင်း
ဆက်ဖတ်ရန် ►

Page Maker 7.0 [6Mb]

1 comments

 Zaw Thurein Tun(Myanmar IT Man)
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်.. 
ဘလော့ခရီးသည်  မှ
ဆက်ဖတ်ရန် ►

Hard Disk ထဲကဖိုင်တွေကိုစီဖို့အတွက် Defragglar

1 comments

အခု သူငယ်ချင်းတွေကို Hard disk ထဲမှာ ရှိတဲ့ အသုံးပြုပြီးပျန့်ကျဲနေသောဖိုင်များကို စီပေးမယ့် Software လေး ပြန်လည်မျှဝေချင်ပါတယ်။Media Fire မှာ တင်ပေးထားပါတယ်။
လိုချင်တဲ့သူတွေအောက်မှာသွားဒေါင်းယူနိုင်ပါတယ်။


    သည်နည်းလေးနဲ့  မကြာခဏ ဖိုင်တွေ စီပေးမယ်ဆို သင့်ကွန်ပျူတာဟာ  သွက်လက် မြန်ဆန်လာမှာသေခြာပါဘဲနော်............




အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
ဘလော့ခရီးသည် မှ
ဆက်ဖတ်ရန် ►

Microsoft Office 2013 New Features

0 comments


နောက်ထပ်ထွက်လာတဲ့ MS Office 2013 New Features ဖြစ်ပါတယ်.. လိုချင်သူများ ဒေါင်းနိုင်ပါတယ်.. ဖိုင်ဆိုဒ်က 905.3 MB ရှိတဲ့အတွက် ဒေါင်းပြီး စမ်းပေးဖို့ အဆင်မပြေလို့ပါ.. Download Speed ကောင်းတဲ့သူများအတွက် အဆင်ပြေမှာ တစ်ဖိုင်တည်းတင်ထားပါတယ်..

အဆင်ပြေပါစေ..




အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. လိုခြင်တာကို ကြိုက်နှစ်သက်သလို ယူဆောင်သုံးစွဲနိုင်ပါတယ်.... အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
http://aungsanmks.blogspot.com မှ
ဆက်ဖတ်ရန် ►
 

Copyright © . Design by O Pregador | Blogger Theme by Blogger Template de luxo | Powered by Blogger