Pages

Thursday, June 20, 2013

PDF ဖန်တီးခြင်း...

             အစ်ကိုတစ်ယောက် PDF ဖိုင်လုပ်နည်းလေး ရှင်းပြပေးပါလို့ တောင်းဆိုတာတဲ့အတွက် အခြား
သော PDF ဖိုင်လုပ်ချင်လျှက် မလုပ်တတ်သေးတဲ့သူတွေပါ လုပ်တတ်သွားအောင် post တစ်ပုဒ်အနေနဲ့
တင်ပေးလိုက်ပါတယ်။ PDF ဖိုင်လုပ်ဖို့ ဆော့ဖ်ဝဲ (၂) ခုလိုအပ်ပါတယ်။ Microsoft office ရယ်  PDF 
Creator ရယ်ပါ။ အဲဒီ (၂)ခုစလုံး စက်ထဲမှာ ရှိနေပြီဆိုရင်တော့ PDF ဖိုင်လုပ်လို့ရပါပြီ။ အခု ကျွန်တော်
Microsoft Office 2010 ကို သုံးပြီးရေးပြသွားမှာဖြစ်ပါတယ်။ လိုအပ်တဲ့နေရာမှာ ပုံလေးတွေနဲ့ပါရှင်းပြပေး
ထားပါတယ်။ လိုအပ်တယ်ဆိုရင် အောက်မှာ ဆက်ကြည့်ပေးပါ။ 
           PDF လုပ်ဖို့ ပထမဆုံး Office word 2010 ကို ဖွင့်လိုက်ပါမယ်။ သပ်သပ်ရပ်ရပ်လေးလုပ်ချင်
လို့ဆိုရင်တော့ စာအုပ်ကာဗာ အဖုံးလေးထည့်ပေးလိုက်ရအောင်ဗျာ။ အောက်ကပုံကိုကြည့်ပြီး လုပ်
လိုက်ပါ....
  ပြီးရင် မိမိပြုလုပ်မယ့် စာတွေ ၊ပုံတွေကို copy ယူပြီး word 2010 ပေါ်မှာ past ချလိုက်ပါ။  မိမိထုပ်မယ် PDF က မြန်မာစာလုံးတွေဆိုရင် အောက်ကပုံမှာ ပြထားတဲ့ အတိုင်း ပြောင်းပြီး copy / past ချလိုက်ပါ။
ဒီနေရာမှာ တစ်ခုပိုကောင်းတာက စာလုံးကို သပ်သပ် ပုံကိုသပ်သပ် copy / past ချတာပိုကောင်းပါတယ်။
(၂) ခုလုံးတစ်ခါတည်း copy / past လုပ်လို့မရဘူးဆိုတော့ ရပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေ error ဖြစ်
တတ်လို့ပါ...
  
ဒါမှမဟုတ် copy ကူးလာတဲ့ စာလုံးတွေကို word 2010 ပေါ်ကို အရင် past ချလိုက်ပါ။ လေးတောင့်
အတုံးလေးတွေ ပေါ်လာပါလိမ်မယ်။ အဲဒီလေးတောင့် အတုံးလေးအားလုံးကို မောက်နဲ့ ကာဆာဆွဲလိုက်
ပါ (သို့) ctrl+A ကိုတွဲနှိပ်ပြီး zawgyi-One ပြောင်းလေးလိုက်ပါ။ အောက်ကပုံကိုကြည့်လိုက်ပါ....
 
 စာတွေ ၊ ပုံတွေ copy / past လုပ်လို့ အားလုံးပြီးသွားပြီဆိုရင် ကျွန်တော်တို့ ရေးထားသမျှ စာရွက်တွေ
ကို ဘယ်လောက်ရှိလဲဆိုတာ စာမျက်နှာ နံပါတ်ရယ် ၊ ဒီ pdf ဖိုင်ကို ဘယ်သူလုပ်တယ်ဆိုတာ သိစေဖို့
အောက်ကပုံအတိုင်း လိုက်ထည့်ပေးလိုက်ပါ။ ဒါကလဲ pdf ဖိုင်ကို သပ်သပ်ရပ်ရပ်လေး လုပ်ချင်သူတွေ
အတွက်ပါ။ pdf ဖိုင်ဖြစ်ရင် ပြီးရော ဆိုရင်တော့ ဒီအဆင့်တွေကို ကျော်သွားလိုက်ပါ....
  ပြီးရင် ရေစာ ရေးဖို့အတွက် အောက်ကပုံလေးကို ကြည့်ပြီး ရေးလိုက်ပါ။
   ဒီလောက်ဆိုရင်တော့ ကြည့်ရတာမဆိုးတော့ပါဘူး။ PDF ထုတ်လို့ရပါပြီ..အောက်ကပုံလေးကို ဆက်
ကြည့်လိုက်ပါ....
 save ကို click လိုက်ရင် အောက်ပုံအတိုင်း window တစ်ခုတတ်လာပါလိမ်မယ်...
ပြီးရင် PDF ပြောင်းတဲ့ အောက်ကပုံပေါ်လာပြီးရင် ပြီးပါပြီ.....
   အားလုံးပဲ ပျော်ရွင်ကြပါစေ.....ဗျာ။ 
http://lulinmg9wellaung.blogspot.com မှကူးယူဖော်ပြခြင်း

0 comments:

Post a Comment

 

Copyright © . Design by O Pregador | Blogger Theme by Blogger Template de luxo | Powered by Blogger