Pages

Monday, June 17, 2013

Advanced SystemCare Pro 6.0.7.160

ဒီကောင်လေးကို သုံးဖူးသူတိုင်း ကြိုက်ကြပါတယ်.. ဒါလေးက နောက်ဆုံး ထွက်လာတဲ့ Update လေးပါ.. သူ့အတွက် Key လေးပါ ထည့်ပေးထားပါတယ်.. ဘာတွေကောင်းလဲဆိုတော့ မူရင်းဆိုဒ်မှာ ရေးထားတဲ့ အတိုင်း ပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်..
Advanced SystemCare PRO 6 provides automated and all-in-one PC care service with Malware Removal, Privacy Protection, Performance Tune-up, and System Cleaning capabilities. It also creates superior and safer online experience with the latest Surfing Protection and Internet Boost technology, ensuring you top online security and maximum PC performance.
 တကယ်ပဲ အသုံးဝင်တဲ့ Tool လေးပါ.. သူလုပ်ပေးနိုင်တာတွေ များတဲ့အတွက် ဒီကောင်လေးကို ပုံမှန် အသုံးပြုပေးခြင်းဖြင့် မိမိတို့ရဲ့ ကွန်ပျူတာကို လေးခြင်း၊ ဟမ်းခြင်း၊ အဲရာများရှင်းပေးခြင်း တို့ကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ပါတယ်.. Version 3 မှာကတည်းက ကျနော်စသုံးလာတဲ့ ကောင်လေးပါ.. အခု Version 6 ကအရင်ကောင်တွေထက် ပိုကောင်းပါတယ်.. အောက်မှာလည်း Key နဲ့ အသုံးပြုပုံလေးပါ ပြပေးထားပါတယ်.. လုပ်ရတာလည်း လွယ်ပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 18.4 MB ရှိပါတယ်..

Install ပြီးသွားတဲ့အခါ အောက်ကပုံလေးတွေ အတိုင်း Key ထည့်ပြီး Full ဖြစ်အောင် လုပ်ပေးလိုက်ပါ..




Key ထည့်ပေးပြီးသွားရင်တော့ Scan ကနေစပြီး စစ်လို့ ရပါပြီ.. ဒါပေမယ့် Windows Update ပိတ်ထားချင်တဲ့ သူများကတော့ အောက်ကပုံထဲမှာ ဝိုင်းပြထားတဲ့ Vulnerability Fix စာသားနေရာမှာ အမှန်ခြစ်ဖြုတ်ပြီးမှ SCAN စာသားကိုနှိပ်ပါ.. ကျနော်ကတော့ စမ်းသုံးတာ ဖြစ်တဲ့အတွက် အားလုံးကို အမှန်ပေးပြီး လုပ်ပါတယ်.
 

အောက်ကပုံမှာ စပြီး စစ်နေပါပြီ.. မျှားပြထားတဲ့နေရာမှာ အမှန်ခြစ်လေး ထည့်ပေးလိုက်ပါ..

အောက်ကပုံအတိုင်း ပေါ်ပြီးသူ့ဖာသာ ပြန်ပြင်ပေးနေပါလိမ့်မယ်.. လွှတ်ပေးထားယုံပါပဲ..

အပေါ်က အောက်ဆုံးပုံအတိုင်း အမှန်ခြစ်လေးတွေ ပေါ်နေရင် ဒီကောင်လေး အလုပ်လုပ်တာ ပြီးဆုံးသွားပါပြီ.. အပေါ်၊ညာဘက်ထောင့်က ကြတ်ခြေခတ်နဲ့ ပိတ်လိုက်လို့ ရပါပြီ..
နောက်တခုက Desktop မှာ ဒီအောက်ကပုံလေးအတိုင်း မိမိတို့ကွန်ပျူတာကို စစ်ဆေးပေးနေတဲ့ ကောင်လေး ပေါ်နေပါလိမ့်မယ်.. အပေါ်ထောင့်က မျှားလေးကို ကလစ်လိုက်ရင် ဒီဘောက်စ်လေး ကျလာပါလိမ့်မယ်.. အဲ့ထဲမှာ ပုံမှာပြထားတဲ့ CleanRAM နေရာကို ကလစ်ပြီးတော့ ရှင်းပေးဖို့ လိုပါတယ်.. ဒီနောက်ဆုံးထွက် Update လေးမှာ ဒီ Tool လေး ပိုပါလာတာ အရမ်းကောင်းပါတယ်.. ဘာလို့လဲဆိုတော့ ဝင်းဒိုးနဲ့အတူ RAM မန်မိုရီကလည်း တချိန်လုံး အလုပ်လုပ်နေရပါတယ်.. သူ့မှာလည်း ကြာလာတာနဲ့ မလိုတဲ့ Free Space တွေ ပိုလာပါတယ်.. RAM မှာ Free Space တွေပေါ်လာတာများရင်လည်း စက်ကိုလေးစေပါတယ်.. ဒါတွေကို ရှင်းပေးဖို့ ဒီTool လေးပါလာတာ သုံးတဲ့သူတွေ အတွက် အရမ်းကောင်းပါတယ်.. အဲ့ဒီနေရာ CleanRAM ကိုတချက်ကလစ်ပေးလိုက်ရင် RAM ထဲမှာ နေရာအပိုပေးထားရတဲ့ Free Space တွေ ထွက်လာလို့ စက်ကို မြန်စေပါတယ်.. အောက်ကပုံလေး Memory Released: လို့ ပြထားပါတယ်..

နောက်ထပ်တခုကတော့ Uninstaller Tool တခုပါ အပိုပါလာပါတယ်.. မိမိတို့ အသုံးမလိုတော့တဲ့ ဆော့ဝဲလ်တွေကို ဒီကောင်လေးနဲ့ ထုတ်ပစ်လိုက်ရင်.. အဲ့ဒီဆော့ဝဲလ်နဲ့ ပါတ်သက်တဲ့ Registry ကီးတွေကိုပါ တခါတည်း အကုန်ပါအောင် ထုတ်ပစ်ပေးနိုင်ပါတယ်.. အောက်မှာ သုံးပြထားတာလေးပါ..


ဆော့ဝဲလ်တွေ ပြန်ထုတ်ပစ်ရင် အပေါ်ပုံအတိုင်း ကလစ်ပြီး ထုတ်ပစ်ပါတယ်.. အောက်ကပုံမှာတော့ အလုပ်လုပ်နေပါပြီ..



အပေါ်ပုံအတိုင်း ထပ်ပေါ်လာရင် မျှားပြထားတဲ့ နေရာကို ထပ်ကလစ်ပေးလိုက်ပါ.. တချို့ဆော့ဝဲလ်ကြီးတွေမှာ ဒီလို လွယ်လွယ်နဲ့ မပြီးပါဘူး.. သူတို့ရဲ့ ကျန်နေတဲ့ Registry တွေကိုပါ ဖေါ်ပြပေးလို့ အားလုံးကို အမှန်ခြစ်ပေးပြီး ထုတ်ပစ်ပေးရပါတယ်.. ဒီမှာတော့ Uninstall နဲ့ ထုတ်လိုက်တဲ့ ဆော့ဝဲလ်လေးက သေးနေလို့ ဘာကီးမှ မပေါ်တာပါ.. နောက်ဆုံးမှာတော့ အောက်ကပုံအတိုင်း ပေါ်လာရင် OK ပေးလိုက်ပြီး ဒီကောင်လေးကို ပိတ်ပစ်လိုက်လို့ ရပါပြီ..

ဒါဆိုရင် အားလုံးပဲ ဒီကောင်လေးကို သုံးတတ်သွားပါပြီ..

0 comments:

Post a Comment

 

Copyright © . Design by O Pregador | Blogger Theme by Blogger Template de luxo | Powered by Blogger