Pages

Monday, June 17, 2013

CCLEANER PRO/BUSINESS EDITION 3.25.1872 FINAL

 ဒီကောင်လေးကတော့ Ccleaner Business Edition နဲ့ Professional Edition ၂မျိုးပါတဲ့ ကောင်လေးပါ..။ ဒီကောင်လေးအတွက် ဒေါင်းလော့ဖိုင်ထဲမှာ Crack နဲ့ Key လေးထည့်ပေးထားပါတယ်..။ အရင်တုန်းက တင်ပေးခဲ့တဲ့ ကောင်လေးတွေက Free ဗါးရှင်းလေးတွေပါ.. အခုဒီကောင်လေးကတော့ ဖရီးမပေးတဲ့ ကောင်လေးပါ.. ဖရီးမပေးတာကို ဖရီးရအောင် ကျနော်တို့ Crack နဲ့ လုပ်ပြီး Key ထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ.. အောက်မှာ ကျနော်လုပ်ထားတဲ့ ပုံလေးတွေကို ကြည့်ပြီး အသုံးလိုတဲ့သူများ လိုက်လုပ်ကြည့်လိုက်ရင် အဆင်ပြေပြေ အသုံးပြုလို့ ရသွားပါလိမ့်မယ်..။ ဒီကောင်လေးက ဘာအတွက်အသုံးဝင်လဲဆိုတာ အရင်ပိုစ့်အဟောင်းတွေမှာလည်း ရှင်ပြခဲ့ပြီးပါပြီ.. အဓိကကတော့ မိမိတို့ရဲ့စက်ကို လေးစေတဲ့ အမှိုက်တွေကို ရှင်းလင်းပေးတဲ့နေရာမှာ အတော်လေးကောင်းပါတယ်..။ အင်တာနက်တက်တဲ့ Browser တွေထဲက အမှိုက်တွေကိုပါ ရှင်းလင်းပေးတာ ဖြစ်လို့ ဒီကောင်လေးကို အသုံးပြုတဲ့အခါတိုင်း Browser တွေကို ပိတ်ထားပြီးမှ အသုံးပြုပေးပါ..။ အခုဒီပိုစ့်မှာတော့ Crack နဲ့ Key ထည့်ထားပြီး.. (Crack နဲ့ Key ထည့်တဲ့ အချိန်မှာ အင်တာနက်လိုင်း ပိတ်ထားပါ) အသုံးပြုပုံ အစုံအလင်ကို အရင်တုန်းက ပိုစ့်မှာ ဒီနေရာကနေ ပြန်ကြည့်ပေးပါ.. အသုံးပြုနည်းအတူတူပါပဲ.. လိုအပ်တဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 4.1 MB ရှိပါတယ်.. ဖိုင်နာမည်ကို ဖရီးဂိမ်းနာမည် ပြောင်းတင်ပေးထားပါတယ်..။


ဒီကောင်လေးကို Install ထည့်ပြီးတာနဲ့ ပိတ်ပစ်လိုက်ပါ.. ပြီးရင် Internet လိုင်းပါ ပိတ်ထားလိုက်ပါ.. သူ့ထဲမှာပါတဲ့ crack ဖိုင်လေး၂ခုထဲက မိမိတို့အသုံးပြုချင်တဲ့ Crack ကိုရွေးပြီး ၂ချက်တောက်လိုက်ပါ.. အောက်ကပုံအတိုင်းပေါ်လာရင် Install ကိုဆက်နှိပ်ပေးလိုက်ပါ..

ကီးတောင်းတဲ့ ဘောက်စ်လေး ထပ်ပေါ်လာရင် Notepad ထဲမှာ ထည့်ပေးလိုက်တဲ့ Key တွေကို ထည့်ပေးပြီး အောက်ကပုံလေးအတိုင်း Register ကိုဆက်နှိပ်ပေးလိုက်ပါ..။


အောက်ကပုံအတိုင်း ထပ်ပေါ်လာပါလိမ့်မယ်..။ ဒါဆိုရင် ဖူးသုံးလို့ ရသွားပါပြီ..။


Option ကနေသွားကြည့်လိုက်ရင်လည်း Register စာသားလေး မရှိတော့ပါဘူး.. ဖူးဖြစ်သွားပါပြီ..

0 comments:

Post a Comment

 

Copyright © . Design by O Pregador | Blogger Theme by Blogger Template de luxo | Powered by Blogger